ချဲလ်ဆီးအသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေတဲ့ ရစ်ဆီဂျိမ်းစ်
16 Octချဲလ်ဆီးအသင်း နောက်ခံကစားသမား ရစ်ဆီဂျိမ်းစ် ဟာ ဒဏ်ရာမှပြန်လည်သက်သာလာခဲ့လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နေပြီလို့ သိရပါတယ်။ ရစ်ဆီဂျိမ်း အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ ဒဏ်ရာရရှိခဲ့မှုကြောင့် အနားယူနေခဲ့ရပြီး လက်ရှိအချိန်မှ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နိုင်တာဖြစ်ပါတယ်။ နောက်ခံကစားသမား ရစ်ဆီဂျိမ်း ဒဏ်ရာမှ သက်သာလာခဲ့တာကြောင့် ချဲလ်ဆီးအသင်းအတွက် အားတက်ဖွယ်လည်း ဖြစ်လာခဲ့ပါတယ်။ ရစ်ဆီဂျိမ်း ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ၂၀၁၈ မှ ၂၀၂၄ ခုနှစ်အတွင်း ၁၅၈ ပွဲ ကစားကာ ၁၁ ဂိုးအထိ သွင်းယူထားနိုင်တာလည်းဖြစ်ပါတယ်။(NVS 008)
16 Oct