Pine Needle Tea သောက်ခြင်းရဲ့ ကောင်းကျိုးတွေ

16 Oct

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ Pine Needle Tea သောက်ခြင်းရဲ့ ကောင်းကျိုးတွေကို ပြောပြချင်ပါတယ်။ Pine Needle Tea က ကိုရီးယားနဲ့ မြောက်အမေရိကဒေသတွေမှာ ရေပန်းစားပြီး သောက်သုံးနေတဲ့ လက်ဖက်ရည်တစ်မျိုး ဖြစ်ပါတယ်။ Pine Needle Tea ဟာ ထင်းရှူးပင်ရဲ့ အရွက်တွေကနေ ပြုလုပ်ထားတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို အအေးလိုသောက်သုံးနိုင်ပြီး အစာချေဖျက်မှုနဲ့ အစာအိမ် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ဆေးတစ်လက်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့်ထင်းရှူးပင်အားလုံးက စားသုံးဖို့ မသင့်လျော်တာကြောင့် စားသုံးနိုင်တဲ့ထင်းရှူးပင်ရဲ့ အပ်ပုံစံအရွက်တွေကိုသာ ဝယ်ယူကြဖို့ အကြံပြု လိုပါတယ်။ Pine needle tea မှာ Vitamin A မြင့်မားစွာပါဝင်တာကြောင့် မျက်စိအမြင်အာရုံအတွက် ကောင်းမွန်စေပြီး ဆံပင်နဲ့အရေပြားကို ပြန်လည်ရှင်သန်လာစေကာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ချောင်းဆိုးပျောက်ဆေးအဖြစ် အသုံးပြုနိုင်ပြီး ရင်ကြပ်ခြင်းကို သက်သာစေဖို့အတွက်နဲ့ လည်ချောင်းနာခြင်း အတွက်ပါ ကောင်းမွန်ပါတယ်။ နောက်ပြီးတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကုသ ပေးပြီး နာတာရှည်ရောဂါတွေ မဖြစ်စေအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဆောင်းရာသီမှာ Pine Needle Tea ကို ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းတို့ကနေ ကာကွယ်နိုင်ဖို့အတွက် အများဆုံးသောက်သုံးကြပါတယ်။(NVS 003)

16 Oct

ADVERTISE HERE .