ကလပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်တော့မယ့် နေမာ
16 Oct
အယ်ဟီလယ်အသင်းရဲ့ တိုက်စစ်ကစားသမား နေမာ ဟာ ဒူးဒဏ်ရာကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ကနေစတင်ပြီး ကာလရှည်အနားယူနေခဲ့ရာကနေ ပြန်လည်သက်သာလာပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်တော့မှာ ဖြစ်ကြောင်း ကလပ်အသင်းဘက်မှ ထုတ်ပြန်ထားပါတယ်။ လာမယ့် အောက်တိုဘာလ ၂၁ ရက်တွင် ကစားမှာရမယ့် AFC ချန်ပီယံလိဂ်ပွဲစဉ် အယ်လ်အိန်းအသင်းနဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။ လက်ရှိတွင် နေမာ ရဲ့ဒဏ်ရာကို ခွဲစိတ်မှုပြုလုပ်ပေးတဲ့ ဘရာဇီးဆရာဝန် ထံမှ နောက်ဆုံးအတည်ပြုချက် ရယူပြီးမှသာ အသင်းနဲ့ပူးပေါင်းခွင့်ရမှာဖြစ်ကြောင်း အသင်းနည်းပြ ဂျီးဆပ်စ် က တရားဝင်ပြောကြားထားပါတယ်။ နေမာ ဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ပီအက်စ်ဂျီအသင်းမှ အယ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒူးအရွတ်ထိခိုက်ဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ရတာဖြစ်ပါတယ်။(NVS 008)
16 Oct