အယ်ကလက်စီကိုပွဲအမီ ပြန်ကစားနိုင်ဖွယ်ရှိတဲ့ ယာမယ်

16 Oct

ဒဏ်ရာပြဿနာကြောင့် စပိန်လက်ရွေးစင်အသင်းလူစာရင်းကနေ ကလပ်အသင်းကို ပြန်ရောက်လာခဲ့တဲ့ ဘာစီလိုနာတောင်ပံကစားသမား ယာမယ် ဟာ အောက်တိုဘာလ ၂၆ ရက်မှာ ကစားမယ့် ရီးရဲလ်အသင်းနဲ့ အယ်ကလက်စီကိုပွဲစဉ်မှာ ပြန်ကစားနိုင်ဖွယ်ရှိနေပါတယ်။ ယာမယ် ဟာ ပြီးခဲ့တဲ့စနေညက ဒိန်းမတ်အသင်းကို အနိုင်ရတဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယာမယ် အနေနဲ့ ဘာစီလိုနာအသင်းကို ပြန်ရောက်နေပြီး ဆေးစစ်မှုတွေ ပြုလုပ်နေပါတယ်။ ယာမယ် ရဲ့ ဒဏ်ရာအခြေအနေအရ အောက်တိုဘာလ ၂၀ ရက်မှာ ကစားမယ့် ဆီဗီလာအသင်းနဲ့ လာလီဂါပွဲစဉ်ကို သေချာပေါက် လွဲချော်မှာဖြစ်သလို အောက်တိုဘာလ ၂၃ ရက်မှာ ကစားရမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကိုလည်း လွဲချော်ရဖို့ များနေပါတယ်။ ဘာစီလိုနာအသင်းက ယာမယ် ရဲ့ ဒဏ်ရာအခြေအနေသက်သာလာမှုကို စောင့်ကြည့်ပြီးမှ ပြန်ကစားနိုင်မယ့် ရက်ကို ဆုံးဖြတ်မှာဖြစ်ပြီး ရီးရဲလ်အသင်းနဲ့ကစားမယ့် အယ်ကလက်စီကိုပွဲစဉ်အမီ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတယ် လို့သိရပါတယ်။(NVS 008)

16 Oct

ADVERTISE HERE .