အမ်ဘာပေ လေ့ကျင့်ခန်းပြန်ဆင်း

16 Oct

ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ပြင်သစ်အသင်းရဲ့နေးရှင်းလိဂ် လူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေ ဟာ ရီးရဲလ်အသင်းနဲ့အတူ အောက်တိုဘာလ ၁၄ ရက်မှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ် နေပြီဖြစ်ပါတယ်။ နေးရှင်းလိဂ်ပွဲတွေ မကစားခင်တုန်းက အမ်ဘာပေ ဟာ လိုင်လီအသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ဝင်ကစားခဲ့ပေမယ့် ပြင်သစ်နည်းပြ ဒက်ချမ့်စ် နဲ့ တိုင်ပင်အပြီးမှာတော့ ပြင်သစ်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။ အမ်ဘာပေ နဲ့လည်း ဆွေးနွေးခဲ့သလို သူ့ရဲ့ဒဏ်ရာက မပြင်းထန်ပေမယ့် အရဲစွန့်ပြီး အသုံးမပြုချင်တဲ့အတွက် ပြင်သစ်လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်လို့ နည်းပြ ဒက်ချမ့်စ် က နေးရှင်းလိဂ်ပြိုင်ပွဲတွေ မတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာတော့ အမ်ဘာပေ ဟာ ဒဏ်ရာကနေ ပြန်ကောင်းလာခဲ့လို့ ရီးရဲလ်အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေတာဖြစ်ပါတယ်။ ရီးရဲလ်အသင်းအတွက် ကစားချင်တာကြောင့် ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ မရွေးချယ်ဖို့ တောင်းဆိုခဲ့တယ်လို့ ထင်ကြတဲ့အတွက်လည်း ပြင်သစ်အသင်းရဲ့ပရိသတ်တွေက အမ်ဘာပေ ကို ဝေဖန်မှုတချို့ လုပ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။(NVS 008)

16 Oct

ADVERTISE HERE .