နိုင်ဂျီးရီးယားအသင်းက လစ်ဗျားအသင်းနဲ့ပွဲကို မကစားရန် ဆုံးဖြတ်

16 Oct

အာဖရိကဖလား ခြေစစ်ပွဲကစားဖို့အတွက် လစ်ဗျားနိုင်ငံကိုရောက်လာခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းဟာ လေဆိပ်မှာတင် အဆင်မပြေဖြစ်ခဲ့တာကြောင့် ပွဲစဉ်ကိုမကစားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ နိုင်ဂျီးရီးယား အသင်းဟာ လစ်ဗျားနိုင်ငံရဲ့လေဆိပ်ကို အောက်တိုဘာလ ၁၃ ရက်ကတည်းက ရောက်နေခဲ့တာဖြစ်ပေမယ့် လစ်ဗျား နိုင်ငံက မဆက်သွယ်ခဲ့တာကြောင့် လေဆိပ်မှာတင် နေနေခဲ့ကြရတာ ဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံဟာ နိုင်ဂျီးရီးယားအသင်းသားတွေကို ကြိုဖို့အတွက် ကားတွေစီစဉ်ပေးခြင်းမရှိခဲ့သလို အစားအသောက်တွေကိုလည်း မပေးခဲ့တာကြောင့် လေဆိပ်မှာတင် ၁၆ နာရီကျော်ကြာ နေခဲ့ရတာဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အရ ကစားသမားတွေဟာ လစ်ဗျားအသင်းနဲ့ပွဲစဉ်ကို မကစားတော့ဘဲ အောက်တိုဘာလ ၁၄ ရက်မှာ နိုင်ဂျီးရီးယားနိုင်ငံသို့ ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။ လစ်ဗျားဘောလုံးအဖွဲ့ချုပ်ကတော့ ဒီဖြစ်စဉ်အပေါ် တောင်းပန်ခဲ့ပေမယ့်လည်း နိုင်ဂျီးရီးယားနိုင်ငံမှာ သွားရောက်ကစားခဲ့ရတဲ့ ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း အခုလိုမျိုး ပို့ဆောင်ဆက်သွယ်ရေး အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ချက်မှာ ရေးသားထားတာကို တွေ့ခဲ့ရပါတယ်။(NVS 008)

16 Oct

ADVERTISE HERE .