မန္တလေးကျုံးထောင့်၌ ပုဂံရွှေစည်းခုံပုံတူစေတီ ဆီမီး ၁၀,၀၀၀ ထွန်းညှိပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ညတွင် ကျင်းပမည်

16 Oct

အောက်တိုဘာလ ၁၇ ရက် သီတင်းကျွတ်လပြည့်ညတွင် မန္တလေးနန်းမြို့ရိုး ကျုံးထောင့်ရှိ ပုဂံရွှေစည်းခုံ ပုံတူစေတီကို ဆီမီး ၁၀,၀၀၀ ထွန်းညှိပူဇော်ပွဲ၊ မီးထွန်းပွဲတော်၊ ဖျော်ဖြေရေးမဏ္ဍပ်နှင့် စတုဒိသာကျွေးမွေးခြင်း အစီအစဉ်များ ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရပါတယ်။ သီတင်းကျွတ်လပြည့်ညတွင် ပုဂံရွှေစည်းခုံပုံတူစေတီကို ဆီမီး ၁၀,၀၀၀ ထွန်းညှိပူဇော်ပွဲနှင့်အတူ မီးထွန်းပွဲတော်ကို ကျုံးတောင်ဘက်(၂၆)လမ်း၊ (၆၆)လမ်းနှင့်(၇၃)လမ်းကြားတွင် ရောင်စုံမီးပုံးအလှများ ချိတ်ဆွဲ ထွန်းညှိကာ အလှဆင်ကျင်းပသွားနိုင်‌ရေး ဆောင်ရွက်လျက်ရှိပါတယ်။ သီတင်းကျွတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၁၇ ရက်၊ ညနေ ၆ နာရီတွင် (၂၆)လမ်းနှင့် (၆၆)လမ်းထောင့်၌ပြုလုပ်ပြီး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဖျော်ဖြေရေးမဏ္ဍပ်တွင် နိုင်ငံကျော်အဆိုတော်များနှင့် မြို့ခံအဆိုရှင်များက မန်းစည်ပင်ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ ပွဲတော်သို့ လာရောက်သူများအား ဧည့်ခံဖျော်ဖြေသွားမှာဖြစ်ပါတယ်။ အခြားသော အစီအစဉ်များအဖြစ် ရိုးရာခြင်းလုံးခတ်ပွဲ၊ ဆင်အကနှင့် တင်ဆက်ဖျော်ဖြေခြင်းများ ထည့်သွင်း ကျင်းပသွားမှာဖြစ်တဲ့အပြင် ကျုံးရေပြင်အတွင်း ဆီမီးမျှောခြင်း၊ မီးထွန်းခြင်း၊ မီးရူးမီးပန်းများပစ်လွှတ်ခြင်းနှင့် မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းများကိုပါ ထည့်သွင်းပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ကို ယခင်နှစ်ကထက် ပိုမိုကောင်းမွန်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 003)

16 Oct

ADVERTISE HERE .