ကာကွယ်ဆေးထိုးမှုများအတွက် နိုင်ငံခြားငွေအမြောက်အများ သုံးစွဲဆောင်ရွက်လျက်ရှိ

16 Oct

နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားကာကွယ်ဆေးထိုးလုပ်ငန်းတွေအတွက် နိုင်ငံခြားငွေအမြောက်အမြား ကျခံ သုံးစွဲပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။ အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းက ၂၀၂၆-၂၀၃၀ ခုနှစ်တွေမှာ ဆောင်ရွက်မယ့် ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေး ၁၃ မျိုးကို တစ်နိုင်ငံလုံးရှိ ကလေးငယ်တွေကို ထိုးနှံပေးနေတာဖြစ်ပြီး ကာကွယ်ဆေးအမျိုးအစား ၈ မျိုးကို နိုင်ငံတော်ဘတ်ဂျက်ကနေ ထောက်ပံ့ပေးနေကာ ကာကွယ်ဆေး ၆ မျိုးကိုတော့ GAVI က ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေးသတင်းအချက်အလက်တွေ အသုံးပြုပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုပိုမိုမြင့်မားစေဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က ပြောကြားခဲ့ပါတယ်။(NVS 003)

16 Oct

ADVERTISE HERE .