“ကစားသမားဘဝမှ အနားယူပြီဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တဲ့ မာတစ်”
15 Octကင်မရွန်းလက်ရွေးစင်အသင်းရဲ့ နောက်ခံလူတစ်ယောက်ဖြစ်သလို လီဗာပူးအသင်းရဲ့ နောက်ခံကစားသမား တစ်ဦးဖြစ်တဲ့ မာတစ် ဟာ ကစားသမားဘဝကနေ အနားယူလိုက်ပြီ ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် မာတစ်ဟာ လီဗာပူးအသင်းနဲ့အတူ အောင်မြင်တဲ့ ၈ နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဂျာမန်ကလပ် ရှော်ကေးအသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ မာတစ် ဟာ အသင်းအတွက်ပြိုင်ပွဲစုံ ၂၀၁ ပွဲမှာ ၁၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာတော့ လီဗာပူးအသင်းနဲ့ စာချုပ်ပြည့်ခဲ့သလို ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတဲ့ မာတစ် ဟာ ကလပ် အသင်းသစ်ကို ရှာဖွေဖို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေခဲ့ရတာပါ။ ဒါကြောင့်လည်း အခုချိန်မှာ ကစားသမာဘဝကနေ အနားယူဖို့ကို ဆုံးဖြတ်လိုက်တာဖြစ်ပြီး မိသားစုကို အချိန်ပိုပေးနိုင်ဖို့အတွက် ပြင်ဆင်သွားတော့မှာ ဖြစ်တယ်လို့ မာတစ် က ပြောကြားခဲ့ပါတယ်။ မာတစ်ဟာ ကင်မရွန်းလက် ရွေးစင်အသင်းအတွက် ၂၀၁၀ မှာစတင်ကစားပေးခဲ့တာဖြစ်ပြီး လက်ရွေးစင် အဖြစ် ၂၇ ပွဲကစားပြီး ၁ ဂိုးသွင်းယူ ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ (NVS 008)