“အမျိုးသမီးမာရသွန်မှာ ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့တဲ့ ချက်ပ်ဂီတစ်”

15 Oct

ကင်ညာမာရသွန်အပြေးမယ် ချက်ပ်ဂီတစ် ဟာ ချီကာဂိုမာရသွန်ပြိုင်ပွဲ အမျိုးသမီးမာရသွန်မှာ ၂ နာရီ ၉ မိနစ် ၅၆ စက္ကန့် နဲ့ ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီး မာရသွန် ကမ္ဘာ့စံချိန်ဟောင်းအဖြစ် အီသီယိုးပီးယား အပြေးမယ် အက်ဆီဖာ တင်ထားတဲ့ စံချိန်ထက် ၂ မိနစ်နီးပါး ပိုစောပြီး ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အက်ဆီဖာ ကတော့ ကမ္ဘာ့စံချိန်ကို ၂၀၂၃ ဘာလင်မာရသွန်ပြိုင်ပွဲမှာ တင်ထားခဲ့တာဖြစ်ပြီး ၁ နှစ်နီးပါးအကြာမှာပဲ စံချိန်ချိုးပျက် ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချက်ပ်ဂီတစ်ဟာ မာရသွန်ပြိုင်ပွဲမှာ ၂ နာရီ နဲ့ ၁၀ မိနစ်အောက်ပြေးနိုင်တဲ့ ပထမဆုံး အမျိုးသမီး အပြေးမယ်လည်း ဖြစ်လာခဲ့ပါတယ်။ ချက်ပ်ဂီတစ် အတွက်တော့ အခုနှစ်ပြိုင်ပွဲက သူမရဲ့ တတိယမြောက် ချီကာဂိုမာရသွန် ပြိုင်ပွဲ ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။ (NVS 008)

15 Oct

ADVERTISE HERE .