“အစ္စရေးတင့်များက ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုစခန်းကို အတင်းဝင်ရောက်ခဲ့”
15 Octအစ္စရေးတင့်များသည် အောက်တိုဘာလ ၁၃ ရက်တွင် လက်ဘနွန်ရှိ ကုလသမဂ္ဂ၏ငြိမ်းချမ်းရေး ထိန်းသိမ်းမှုစခန်းကို အတင်းဝင်ရောက်လာကြောင်းနှင့် ထိုသို့ဝင်ရောက်လာမှုသည် ကုလသမဂ္ဂတပ်ဖွဲ့အပေါ် အစ္စရေး၏ စော်ကားမှုဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ သို့သော် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များသည် ဟစ်ဇ်ဘိုလာများအတွက် လူသားတံတိုင်းများကဲ့သို့ ဖြစ်နေကြောင်းနှင့် ထိုတပ်ဖွဲ့များ ဆုတ်ခွာရန်တောင်းဆိုကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ပြောထားသည်။ အစ္စရေး၏ Merkava တင့်နှစ်စီးသည် ကုလသမဂ္ဂတပ်ဖွဲ့အခြေစိုက်ရာ စခန်းဝင်ပေါက်ကို ဖျက်ဆီးပြီး အတင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ တင့်များ ထွက်ခွာသွားပြီးနောက် စခန်းမှ မီတာ ၁၀၀ အကွာသို့ မီးခိုးဗုံး များ ကျရောက်ပေါက်ကွဲသည့်အတွက် စခန်းရှိစစ်သည်များ နာမကျန်းဖြစ်ရကြောင်း ကုလသမဂ္ဂအဖွဲ့က ပြော သည်။ သို့သော် ဟစ်ဇ်ဘိုလာများနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေစဉ် အစ္စရေးက ၎င်းတို့၏တပ်ဖွဲ့ဝင်များ ကို မီးခိုးမှိုင်းကာချပြီး ကယ်ထုတ်ရန်ကြိုးပမ်းခြင်းသာဖြစ်ကြောင်းနှင့် ကုလသမဂ္ဂတပ်ဖွဲ့ဝင်များကို ထိခိုက်စေခြင်း မရှိ ကြောင်း အစ္စရေးဘက်က ထုတ်ပြန်ထားသည်။ တစ်ဖက်တွင် ဟစ်ဇ်ဘိုလာတို့က ၎င်းတို့အနေဖြင့် ထိုတပ်ဖွဲ့ကို လူသားတံတိုင်းအဖြစ် အသုံးချနေခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်ဟု RTA သတင်းဌာနတွင် ဖော်ပြထားသည်။