“တရုတ်က ထိုင်ဝမ်ကျွန်းကို စစ်ရေးနည်းဖြင့် ဝိုင်းပတ်ပိတ်ဆို့သည့် ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်”

15 Oct

ကြည်း၊ရေ၊လေနှင့် ဒုံးတပ်ဖွဲ့များပါဝင်သည့် တရုတ်တပ်မတော်က ထိုင်ဝမ်ကျွန်းကို စစ်ရေးနည်းဖြင့် ဝိုင်းပတ်ပိတ်ဆို့သည့် ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်နေသည်ဟု စစ်ဘက်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာလ ၁၄ ရက်တွင် ပြောသည်။ ထိုသို့ ပူးပေါင်းစစ်ဆင်ရေး ဇာတ်တိုက်လေ့ကျင့်မှုသည် တရုတ်တပ်ဖွဲ့ များ၏ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကို စမ်းသပ်ရန်နှင့် ထိုင်ဝမ်ကျွန်းရှိ ခွဲထွက်ရေးအဖွဲ့များကို သတိပေးခြင်း ဖြစ်ကြောင်း တရုတ်တပ်မတော် အရှေ့ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှု ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ လီရှီ က ပြော သည်။ အဆိုပါ လေ့ကျင့်မှုကို Joint Sword-2024B ဟု အမည်ပေးထားပြီး ကြည်း၊ရေ၊လေနှင့် ဒုံးတပ်ဖွဲ့တို့သည် ထိုင်ဝမ်ကျွန်း၏ အရပ်လေးမျက်နှာမှ ဝင်လာပြီး မြေပြင်၊ရေပြင်ရှိ ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ အဓိက ကျသော နေရာများကို ကာကွယ်ခြင်း အစရှိသည်တို့ကို လေ့ကျင့်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ လေ့ကျင့်မှု တွင် လေယာဉ်တင်သင်္ဘောဖြစ်သည့် လျောင်နင်လည်း ပါဝင်ပြီး ထိုသင်္ဘောပေါ်မှ တိုက်လေယာဉ်များကို စေလွှတ် ခြင်းဖြစ်သည်။ အလားတူ အခြားသောတိုက်လေယာဉ်များကလည်း လေတပ်စခန်းအသီးသီးမှ ပျံတက်လာပြီး လေ့ကျင့်မှုတွင် ပါဝင်သည်ကို တွေ့ရသည်။ ထိုင်ဝမ်ကျွန်း၌ လိုင်ချင်းတယ်က ခေါင်းဆောင်ဖြစ်လာပြီးနောက် ခွဲထွက်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည့်အတွက် ပြည်မကြီးနှင့် တင်းမာမှုများပိုမိုမြင့်တက်လာခြင်း ဖြစ် သည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

15 Oct

ADVERTISE HERE .