“SECRETARIAT YANGON (ယခင်ဝန်ကြီးများရုံး)မှာ ကျင်းပမယ့် သီတင်းကျွတ်ဈေးပွဲတော်တွင် တေးဂီတဖျော်ဖြေပွဲများ ထည့်သွင်းကျင်းပမည်”

15 Oct

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ SECRETARIAT YANGON (ယခင်ဝန်ကြီးများရုံး)တွင် ကျင်းပ ပြုလုပ်မည့် သီတင်းကျွတ်ဈေးပွဲတော်တွင် နာမည်ကျော်တေးသံရှင်များ၏ တေးဂီတဖျော်ဖြေပွဲကို ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သီတင်းကျွတ်ဈေးပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ SECRETARIAT YANGON (ယခင်ဝန်ကြီးများရုံး) Heritage Market ခန်းမကြီးတွင် ပြုလုပ် သွားမှာဖြစ်ပြီး စားသောက်ကုန်၊ လူသုံးကုန်နှင့် အထွေထွေကုန်ပစ္စည်းမျိုးစုံတို့ကို ဆိုင်ခန်းပေါင်း ၈၀ ခန့်ဖြင့် ပြသဖွင့်လှစ် ရောင်းချသွားမှာဖြစ်သလို Dora Entertainment မှ ဖန်တီးတင်ဆက်ပြီး Zaw Music Production နှင့် အတူ နာမည်ရတေးသံရှင်များ ပါဝင်ဖျော်ဖြေမည့် တေးဂီတဖျော်ဖြေပွဲလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

15 Oct

ADVERTISE HERE .