“မြစ်ကြီးနားတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု စတင်လက်ခံ”

15 Oct

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအ‌နေနဲ့ အောက်တိုဘာလ ၁၄ ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ်များ ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်မှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက် ခဲ့တဲ့အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး လုပ်ငန်းစဉ်များလည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရပ်နားထားခဲ့တာ ဖြစ်ပြီး ယခုအခါပြန်လည်လက်ခံဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ရုံးပိတ်ထားစဉ်ကာလအတွင်း ရန်ကုန်နှင့်မန္တလေးရုံးခွဲတို့မှာ လျှောက်ထားခွင့်ပြုခဲ့တာဖြစ်ပြီး ယခုအခါ အောက်တိုဘာလ ၁၄ ရက်က မြစ်ကြီးနားရုံးမှာ ပြန်လည်လျှောက်ထား နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လူကိုယ်တိုင်တန်းစီရသောစနစ်မှ အွန်လိုင်းရက်ချိန်းစနစ် အသစ်သို့ ပြီးခဲ့တဲ့ မေလ ၁ ရက်မှစတင်ပြောင်းလဲခဲ့ပြီး www.passport.gov.mm ဝက်ဆိုဒ်မှာ ဝင်ရောက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ အွန်လိုင်းမှ ရက်ချိန်းရယူရာမှာ အိမ်ထောင်စုနှင့် မှတ်ပုံတင်မူရင်းအပြင် UID (Unique Identification Number) လိုအပ်မည်ဖြစ်ပြီး UID မရှိပါက နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်မည်မဟုတ်ဘဲ စက်တင်ဘာလ ၁ ရက် မှစတင်ကာ စာအုပ်ဖိုးကို ကျပ် ၅,၀၀၀ တိုးမြင့်ကောက်ခံနေပြီဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

15 Oct

ADVERTISE HERE .