ကုန်ဈေးနှုန်းသတင်း ၁၄.၁၀.၂၀၂၄

14 Oct

အောက်တိုဘာလ ၁၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ပဲလွန်းနီ၊ ကုလားပဲနဲ့ ပဲပုပ်ဈေး‌တွေလည်း အနည်းငယ် ကျင်းဆင်းလာပါတယ်။ ကြက်သွန်နီနဲ့ မန်ကျည်းသီဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်ဖြူနဲ့ အာလူးဈေးတွေ ကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၉,၅၇၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်း ကို ၁၃၂,၅၈၉ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၆,၄၀၅ ကျပ်ကနေ ၆,၄၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၅,၃၅၇ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၀၈၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၁,၅၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၉၁၅ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာ ကို ၆,၄၉၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၆,၂၈၀ ကျပ်ကနေ ၆,၃၂၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၆,၆၆၅ ကျပ်ကနေ ၇,၂၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၂,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၆,၂၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၀၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၄၈၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၀၀ ကျပ်၊ မန္တလေးမှာ ၃,၁၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၅၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၃၀၅ ကျပ်၊ မန္တလေးမှာ ၃,၃၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၆၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၉၀ ကျပ်၊ မန္တလေးမှာ ၂,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၄၀ ကျပ်၊ မန္တလေးမှာ ၃,၄၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၄၂၀,၇၃၁/-) ငါးဆယ် လေးသိန်း နှစ်သောင်း ခုနစ်ရာ သုံးဆယ် တစ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၂၀၀,၀၀၀ိ/-) ခြောက်ဆယ် နှစ်သိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

14 Oct

ADVERTISE HERE .