“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မီးပုံးပျံများဖြင့် ရှုခင်းကြည့်ရှုမှုများ ပြန်လည်စတင်မည်”

14 Oct

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံရှုခင်းများကြည့်ရှုရန် ရွှေလေတံခွန်(နီညိုရောင်) မီးပုံးပျံဓာတ်ငွေ့ Balloons အဖွဲ့က အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၆ နာရီမှစတင်ကာ ယခုနှစ်ဆောင်းရာသီ Balloons ပျံသန်းခြင်းများ စတင်ပျံသန်းမှာဖြစ်ပါတယ်။ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကောင်းကင်ယံမှ ရှုခင်းကြည့်ရှုနိုင်ရန် Balloons များ စတင်ပျံသန်းခြင်းကို ရွှေလေတံခွန် (နီညိုရောင်)မီးပုံးပျံဓာတ်ငွေ့ Balloons အဖွဲ့မှ ပိုင်းလော့ KX-Gavm နှင့်ပိုင်းလော့ K-Andy တို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ဧရာဝတီမြစ်အလှရှုခင်းများ၊ ထန်းပင်ထန်းတော များ၊ အညာဒေသမှာပေါက်ရောက်တဲ့ ထနောင်းပင်များ၊ တမာပင်များ၊ ရှားစောင်းပင်၊ ရှေးဟောင်းအဆောက်အအုံ များနှင့် တုရင်တောင်တန်း၊ တန့်ကြည့်တောင်တန်းနောက်ခံနှင့် ဧရာဝတီမြစ်အလှတို့ကို ကြည့်ရှုလေ့လာနိုင်ရန် အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းမှစတင်၍ ရွှေလေတံခွန်(နီညိုရောင်)မီးပုံးပျံဓာတ်ငွေ့ Balloons နှစ်လုံး စတင် ပျံသန်းမှာဖြစ်ပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် Balloons စီး၍ ကောင်းကင်ယံမှ ကြည့်ရခြင်းကို ပြည်ပနိုင်ငံသားများ စီးနင်းကြည့်ရှုမှု များပြားခဲ့ရာမှ ယခုအခါ ပြည်တွင်းဧည့်သည်များပါ လိုက်ပါစီးနင်းမှုများ များပြားလာခဲ့ကြောင်း သိရပါတယ်။ (NVS 004)

14 Oct

ADVERTISE HERE .