“တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိမှုမှာ တိရစ္ဆာန်အစားအစာကုန်ကြမ်းများပါ တင်သွင်းလာသဖြင့် ပိုမိုစစ်ဆေးကြပ်မတ်သွားမည်ဖြစ်”

14 Oct

နိုင်ငံတဝှမ်း အောက်တိုဘာလ ၁၀ နှင့် ၁၁ ရက်တို့မှာ တရားမဝင်ကုန်စည်မျိုးစုံနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ ၁၇ မှုရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၇,၃၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။ အဆိုပါဖမ်းဆီးရမိမှုများမှာ တိရစ္ဆာန်အစားအစာကုန်ကြမ်းများ တရားမဝင်တင်သွင်းလာကြောင်း တွေ့ရှိ ရပါတယ်။ အရည်အသွေး မပြည့်ဝနိုင်သည့် တိရိစ္ဆာန်အစားအစာများကြောင့် နိုင်ငံအတွင်းရှိ မွေးမြူရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သကဲ့သို့ စားသုံးသူပြည်သူများလည်း ဘေးအန္တရာယ်ကြုံတွေ့နိုင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပိုမိုတားဆီး စစ်ဆေးကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

14 Oct

ADVERTISE HERE .