“ရေများ ပြန်လည်ကျဆင်းသွား၍ အင်းလေးဖောင်တော်ဦးဘုရားသို့ လာရောက်ဖူးမျှော်နိုင်ပြီဖြစ်”

14 Oct

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့အတွင်းရှိ အင်းလေးဖောင်တော်ဦး ဘုရားပုရဝုဏ်အတွင်းမှ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်လို့ သီတင်းကျွတ်ပွဲတော်ကာလ ရုံးပိတ်ရက်နှင့် အများပြည်သူအားလပ်ရက်များတွင် လာရောက်ဖူးမျှော်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ သို့သော်လည်း အင်းလေးကန်တောင်ပိုင်း အနိမ့်ပိုင်းနေရာတွေမှာ ရေများပြန်လည်ကျဆင်းမှု မရှိသေးတာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ အင်းလေးဖောင်တော်ဦး ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ယခုနှစ်တွင် ကျင်းပနိုင်ခြင်း မရှိခဲ့တာလည်းဖြစ်ပါတယ်။ အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကန်ဖြစ်ကာ လက်ရှိတွင် ရေဘေးကြောင့် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။ (NVS 004)

14 Oct

ADVERTISE HERE .