“လွိုင်ကော်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်ကို ပြန်လည်ဖွင့်လှစ်မည်”

14 Oct

ကျောင်းဖွင့်ရာသီမှာ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်ကာ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းက ကွန်ပျူတာ တက္ကသိုလ်(လွိုင်ကော်)မှာ ကျင်းပခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေနဲ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံပေးနေကာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ပညာသင်ကြား ရေးတို့ကို စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခိုင်ဇော်နိုင်နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ဒုတိယပါမောက္ခချုပ် ဒေါက်တာသင်းသင်းထွေး တို့က နိုဝင်ဘာလ ၂၁ ရက်မှာ ကျောင်းများပြန်လည် ဖွင့်လှစ်မည်ဖြစ်၍ အသင့်ဖြစ်စေရန်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဆက်လက်ပြီး လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်း က အောက်တိုဘာလ ၁၅ ရက်တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်၍ သင်တန်းသားများရောက်ရှိမှု၊ ကြိုတင်ပြင်ဆင်ထားရှိမှု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီး ဦးဆန်းလင်းဗိုလ် က ကျောင်းပြန်လည်ဖွင့်လှစ်မည့်အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်များကို ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

14 Oct

ADVERTISE HERE .