“ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သီတင်းကျွတ်အကြိုအဖိတ်နေ့မှာ ဆီမီးလှည့်လည်ပူဇော်ပွဲကျင်းပသွားမည်”

14 Oct

ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သီတင်းကျွတ်လပြည့်အကြိုအဖိတ်နေ့တွင် ဆီမီးလှည့်လည်ပူဇော်ပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။ ရွှေတိဂုံစေတီမှာ သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများနှင့် မီးစေတီ ၅ ဆူလှည့်လည်ခြင်းနှင့် ဆီမီး ၁၀,၀၀၀ ပူဇော်ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။ ဘုရားဖူးပြည်သူများအနေဖြင့် သီတင်းကျွတ်အခါသမယတွင် မီးပူဇော်ခြင်းကို ပါဝင်ဆင်နွှဲနိုင်ကြောင်း သီတင်းကျွတ်လပြည့်နေ့ အခါသမယတွင်လည်း ပုံမှန်ဘုရားဖွင့်ချိန်ဖြစ်သည့် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ရွှေတိဂုံ စေတီတော်ကြီးသို့ ဘုရားဖူးများ လာရောက်ဖူးမြော်နိုင်ကြောင်း သိရပါတယ်။ (NVS 004)

14 Oct

ADVERTISE HERE .