“သီတင်းကျွတ်ကာလ ချောင်းသာ၊ ငွေဆောင်နှင့် ရွှေသောင်ယံကမ်းခြေများရှိ ဟိုတယ်အခန်းများ ကြိုတင်မှာယူမှု ၆၀ ရာခိုင်နှုန်းသာရှိ”

14 Oct

သီတင်းကျွတ်ပိတ်ရက်ကာလ ချောင်းသာ၊ ငွေဆောင်နှင့် ရွှေသောင်ယံကမ်းခြေများရှိ ဟိုတယ်အခန်း ကြိုတင် မှာယူမှုများမှာ ၆၀ ရာခိုင်နှုန်းသာရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများတွင် လုပ်ငန်းလိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံးရေ ၁၂၀ အထိရှိပြီး ပုသိမ်မြို့နှင့် အခြားဒေသများတွင် ၄၆ လုံး၊ ငွေဆောင်ကမ်းခြေတွင် ၃၅ လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေတွင် ၃၉ လုံးအထိ ရှိနေတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်များနှင့် ဆက်စပ်ပြီး ခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရန်အတွက် သစ်တောဦးစီးဌာနများက ဆင်စခန်းများနှင့် ပေါင်းစပ်ပြီး မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း စသည့် စိတ်ဝင်စားစရာနေရာများကို စီစဉ်ထားကြောင်း သိရပါတယ်။ (NVS 004)

14 Oct

ADVERTISE HERE .