အန်ဆယ်လော့တီ နေရာကို အစားထိုးနိုင်ဖို့ ရေပန်းစားနေတဲ့ အလွန်ဆို
13 Octလေဗာကူဆင်အသင်းနည်းပြ အလွန်ဆို ဟာ ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီ ရဲ့နေရာမှာ အစားဝင်ရန် ရေပန်းစားနေဆဲဖြစ်ကြောင်း သိရပါတယ်။ အလွန်ဆို အနေနဲ့ ပြီးခဲ့သည့်ရာသီမှာ လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်းအသင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း အလွန်ဆို က ထိပ်တန်းအသင်းများကို ပြောင်းရွှေ့ခြင်းမပြုဘဲ လေဗာကူဆင်အသင်းနှင့်သာ သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ အလွန်ဆို နဲ့ လေဗာကူဆင်အသင်းတို့ သက်တမ်းတိုးခြင်း မပြုမီကပင် ရီးရဲလ်အသင်းက အန်ဆယ် လော့တီ နဲ့လမ်းခွဲခဲ့ပါက အလွန်ဆို ကို ခေါ်ယူနိုင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အလွန်ဆို ကို လာမယ့် ၂၀၂၅ သို့မဟုတ် ၂၀၂၆ ခုနှစ်မှာ ရီးရဲလ်နည်းပြ ဖြစ်လာလိမ့်မယ်လို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။ (NVS 008)