သီတင်းကျွတ်ကာလအတွင်း အထူးရထားခရီးစဉ်များ ပြေးဆွဲပေးမည်

13 Oct

သီတင်းကျွတ်ကာလအတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ ခရီးသွားလာ နိုင်ရန်အတွက် အထူးရထားခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက သီတင်းကျွတ်ကာလအတွင်း ရန်ကုန်-ပြည်- ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွေကို ပုံမှန်ရထားများအပြင် အထူးရထားများကိုပါ တိုးချဲ့ပြေးဆွဲ ပေးသွားမှာဖြစ်ပါတယ်။ ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲ ပေးလျက်ရှိတဲ့ ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ တိုးချဲ့ချိတ်ဆက်ကာ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ရထားစီးခရီးသွားပြည်သူများအတွက် လက်မှတ်ရောင်းချမှုအနေနဲ့ အထက်တန်းလက်မှတ်များကို သုံးရက် ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးလျက်ရှိပြီး သိရပါတယ်။(NVS 004)

13 Oct

ADVERTISE HERE .