အားကစားလောကမှ အနားယူတော့မှာဖြစ်ကြောင်း ပြောကြားခဲ့တဲ့ ရာဖေးလ်နာဒယ်လ်
12 Octဂရင်းစလမ်းချန်ပီယံဆုကို ၂၂ ကြိမ်ရရှိထားသူ စပိန်နိုင်ငံသား တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ် အနေနဲ့ နိုဝင်ဘာလအတွင်းမှာကျင်းပမည့် Davis Cup ဗိုလ်လုပွဲအပြီးတွင် အားကစားလောကမှ အနားယူတော့မှာ ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အခုလိုဆုံးဖြတ်ဖို့ကို အချိန်ယူပြီး စဉ်းစားခဲ့ရကြောင်းနဲ့ ဆုံးဖြတ်ဖို့ခက်ခဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဘယ်အရာမဆို စတင်ပြီးရင် ပြီးဆုံးသွားရမှာသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နာဒယ်လ် ဟာ France Open ပြိုင်ပွဲမှာ စံချိန်တင်အနေနဲ့ ဆုဖလား ၁၄ ခုအထိ ရရှိထားပြီး US Open ပြိုင်ပွဲမှာ ဆုဖလား ၄ ခု၊ ဩစတြေးလျ Open ပြိုင်ပွဲမှာ ဆုဖလား ၂ ခုနဲ့ ဝင်ဘယ်လ်ဒန်မှာလည်း နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိထားခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာဒယ်လ် အနေနဲ့ ရော်ဂျာဖက်ဒါရာ၊ နိုဗက်ဂျိုကိုဗစ် တို့နဲ့အပြိုင် တင်းနစ်အားကစားလောကသို့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၎င်းတို့သုံးဦးကို အမျိုးသားတင်းနစ်လောကမှာ Big Three အဖြစ် လူသိများကာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။(NVS 008)