တိုက်စစ်မှူးတစ်ဦးကို ထပ်မံအားဖြည့်ခေါ်ယူမယ့် အာဆင်နယ်အသင်း
12 Octအာဆင်နယ်အသင်းက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးအသစ်တစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဂျာမန်တိုက်စစ်ကစားသမား ဟာဗက်ဇ် ကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုနေပြီး ဟာဗက်ဇ် အနေနဲ့ ခြေစွမ်းကောင်းတွေပြသပြီး ဂိုးများသွင်းယူနိုင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းက အသင်းတိုက်စစ်ပိုင်းအတွက် တိုက်စစ်မှူးစစ်စစ်တစ်ဦးကို ထပ်မံ အားဖြည့်ရန် စီစဉ်နေခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလိုခေါ်ယူအားဖြည့်နိုင်ဖို့ နွေရာသီကတည်းက ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မရှိခဲ့လို့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ထပ်မံကြိုးပမ်းသွားမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကာရက်စ်၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ် နဲ့ ဂါလာစာရေးအသင်းမှာ အငှားနဲ့ရောက်ရှိနေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်မန် တို့ကို စောင့်ကြည့် နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကိုလည်း ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ (NVS 008)