ကစားသမားရဲ့ ကြံ့ခိုင်မှုကြောင့်သာ နိုင်ငံအသင်းအတွက် ခေါ်ယူခြင်းမရှိခဲ့ကြောင်းပြောခဲ့တဲ့ ပြင်သစ်အသင်း နည်းပြ

12 Oct

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်ချမ့် က တိုက်စစ်မှူး ဘာပေ ကို အောက်တိုဘာလ နိုင်ငံတကာ ပွဲစဉ်များအတွက် မရွေးချယ်ခဲ့ခြင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကြောင့်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဘာပေ ဟာ ရီးရဲလ်အသင်းအတွက် ပြန်ကစားနိုင်ပြီဖြစ်သော်လည်း အသင်းနည်းပြက ကြံ့ခိုင်မှုအကြောင်းပြချက်ဖြင့် မရွေးချယ်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုများရှိခဲ့တာ ဖြစ်ပါတယ်။ အသင်းနည်းပြဖြစ်သူ ဒက်ချမ့် က ရီးရဲလ်အသင်းဘက်က တောင်းဆိုမှုမရှိခဲ့ဘဲ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့သာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဘာပေ အနေနဲ့ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးတာကြောင့် ရွေးချယ်ခြင်းမရှိခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဘာပေ ဟာ ပြီးခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲကတည်းက ပြင်သစ်အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိလို့ ဝေဖန် မှုများနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ လတ်တလောမှာလည်း နိုင်ငံအသင်းထက် ကလပ်အသင်းကိုသာ ဦးစားပေးမှုတွေရှိနေလို့ဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။(NVS 008)

12 Oct

ADVERTISE HERE .