ဗိုလ်တထောင်စေတီတော် ရွှေသင်္ကန်းကပ်လှူရန် တင်ဒါခေါ်ယူ

12 Oct

ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန် တင်ဒါခေါ်ယူနေတယ်လို့ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်၊၊ လျှောက်လွှာတစ်စုံကို ငွေကျပ် ၃ သောင်းနဲ့ဝယ်ယူနိုင်ပြီး စျေးပြိုင်တင်ဒါတင်သွင်းနိုင်ကာ အောက်တိုဘာလ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန် နောက်ဆုံးထားပြီး လျှောက်လွှာများကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးမှာ တင်သွင်းရမှာ ဖြစ်ပါတယ်၊၊ စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရာမှာ ၉ လက်မပတ်လည် ရွှေစင်ရွှေပြား ကပ်လှူတဲ့လုပ်ငန်း၊ စေတီတော်ကြီး၊ အရံစေတီများနဲ့ ရင်ပြင်တော်ရှိစေတီများကို ရွှေသင်္ကန်းကပ်လှူတဲ့လုပ်ငန်းနဲ့ ၂ လက်မပတ်လည် ရွက်ရေ (၁၀၀) ပါ ရွှေဆိုင်း ၇,၅၀၀ ဆိုင်း တင်သွင်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။(NVS 003)

12 Oct

ADVERTISE HERE .