ကုန်ဈေးနှုန်းသတင်း ၁၁.၁၀.၂၀၂၄

11 Oct

အောက်တိုဘာလ ၁၁ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ပြောင်းဆန်နဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။ ကြက်သွန်နီနဲ့ ထန်းလျက်ဈေးတွေ အနည်းငယ် တက်လာပြီး ကြက်သွန်ဖြူဈေးကတော့ အနည်းငယ် ကျဆင်း လာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၂,၁၄၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၅,၁၆၀ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၆,၄၀၅ ကျပ်ကနေ ၆,၄၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၀,၉၈၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၀၈၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၁,၅၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာ ကို ၆,၄၉၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ငရုပ် (ဆင်ဖြူကျွန်း) တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၁,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၂,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၁၇,၂၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၅,၂၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ငါးကျီးကြပ်တိုက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၄၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၀၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၆၂၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၄၉၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၀၀ ကျပ်၊ မန္တလေးမှာ ၃,၁၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၅၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၃၀၅ ကျပ်၊ မန္တလေးမှာ ၃,၃၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၆၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၉၀ ကျပ်၊ မန္တလေးမှာ ၂,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၄၀ ကျပ်၊ မန္တလေးမှာ ၃,၄၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၉၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၃၅၆,၉၃၉/-) ငါးဆယ် သုံးသိန်း ငါးသောင်း ခြောက်ထောင် ကိုးရာ သုံးဆယ် ကိုးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၃၀၀,၀၀၀ိ/-) ခြောက်ဆယ် သုံးသိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

11 Oct

ADVERTISE HERE .