“၁ လခန့်နားရဖွယ်ရှိနေတဲ့ လီဗာပူးအသင်းဂိုးသမား အယ်လီဆန်”

11 Oct

လီဗာပူးအသင်းရဲ့ ဘရာဇီးဂိုးသမား အယ်လီဆန် ဟာ ပဲလေ့စ်အသင်းနဲ့ပွဲမှာရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် နိုဝင်ဘာလလယ်ခန့်အထိ အနားယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလက်ရွေးစင် အယ်လီဆန် ဟာ ပဲလေ့စ်အသင်းနဲ့ပွဲမှာ အဆိုပါဒဏ်ရာကို ရခဲ့ပြီးနောက် ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲခံလိုက်ရတာ ဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေအရ အယ်လီဆန် အနေနဲ့ အခုတစ်ပတ်ကစားမယ့် နိုင်ငံအသင်းပွဲစဉ်အပြီးမှာ ပြန်လည် ကစားနိုင်ဖို့ မဖြစ်နိုင်သေးဘဲ နိုဝင်ဘာလ ၁၁ နဲ့ ၁၉ ရက် မှသာ လီဗာပူးအသင်းအတွက် ပြန်ကစားနိုင်ဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ အယ်လီဆန်မပါနိုင်တဲ့ ကာလအတွင်း လီဗာပူးအသင်းဟာ ချဲလ်ဆီး၊ အာဆင်နယ်၊ ဘရိုက်တန်၊ ဗီလာ စတဲ့ အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲကစားဖို့ရှိသလို လိုက်ပ်ဇစ်၊ လေဗာကူဆင်တို့နဲ့ ချန်ပီယံလိဂ်ပွဲတွေလည်း ကစားဖို့ရှိနေတာ ဖြစ်ပါတယ်။ (NVS 008)

11 Oct

ADVERTISE HERE .