“ဘောလုံးနှင့်ပစ်ပေါက်ခဲ့မိတဲ့အတွက် နောင်တမရခဲ့တဲ့ ဟာလန်း”

11 Oct

အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ရဲ့ ခေါင်းကို ဘောလုံးနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် နောင်တမရသလို ကွင်းအတွင်းမှာဖြစ်ခဲ့တဲ့ကိစ္စကို ကွင်းအတွင်းမှာပဲ ထားခဲ့ဖို့ လိုတယ်လို့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကပြောပါတယ်။ အခုတစ်ပတ်ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေမှာ နော်ဝေအသင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အိုဒီဂတ် က ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး ဟာလန်း က နော်ဝေအသင်းခေါင်းဆောင်အဖြစ်ကစားရမှာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရချိန်မှာ သူ့ရဲ့အပြုအမူတွေနဲ့ပတ်သက်လို့ ထိန်းချုပ်နိုင်ခြင်းရှိ၊မရှိကို အာဆင်နယ်အသင်းနဲ့ပွဲက ဖြစ်ရပ်နဲ့နှိုင်းယှဉ်ပြီး မေးမြန်းခဲ့ရာမှာ ဟာလန်း က အာဆင်နယ်အသင်းနဲ့ပွဲမှာ ပွဲအရှိန်ကအရမ်းမြင့်တက်နေတာကြောင့် စိတ်လှုပ်ရှားမှုအတိုင်း ပြုမူခဲ့တာဖြစ်သလို အခုချိန်မှာတော့ ဒီဖြစ်ရပ်က အတိတ်မှာကျန်ခဲ့ပါပြီလို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဟာလန်း ကို အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ (NVS 008)

11 Oct

ADVERTISE HERE .