“ရန်ကုန်-ပဲခူး DEMU ရထား အစုန်၊ အဆန် နေ့စဉ် စီနင်းသူ ၁,၃၀၀ ဦးကျော်မှာရှိနေ”

11 Oct

ရန်ကုန်-ပဲခူးရထားလမ်းပိုင်းမှာ စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် အောက်တိုဘာလ ၂ ရက်မှစတင်ကာ အစုန်၊ အဆန် ပြေးဆွဲပေးနေရာမှာ ယနေ့အထိ လိုက်ပါစီးနင်းသူ ဦးရေဟာ နေ့စဉ် စုစုပေါင်း ခရီးသည် ၁,၃၀၀ ဦးကျော်ရှိနေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။ လက်ရှိမှာ DEMU ရထားတစ်စီးတွင် တွဲဆိုင်း ၆ ဆိုင်းပါဝင်ပြီး အမှတ် (၁၆) အစုန် ပဲခူး-ရန်ကုန် ရထားမှာ နေ့စဉ် စီးနင်းသူ ၇၀၀ ကျော်ရှိသလို အမှတ် (၁၅) အဆန် ရန်ကုန်-ပဲခူး ရထားမှာတော့ နေ့စဉ် ၆၀၀ ဦးကျော် စီးနင်းမှုရှိနေတယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါ အမှတ်(၁၆) အစုန် ပဲခူး-ရန်ကုန် DEMU ရထားက ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ်(၁၅) အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ညနေ ၇ နာရီ ၁၅ မိနစ် တွင် ဆိုက်ရောက်မယ်လို့လည်း သိရပါတယ်။ လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာတွင် ရပ်တန့်ပေးသွားမှာ ဖြစ်ပြီး လက်မှတ်ခအနေဖြင့် ခရီးစဉ်အစမှအဆုံးထိ တစ်ဦးလျှင် ၂,၅၀၀ ကျပ်၊ ခရီးတစ်ဝက်လိုက်ပါစီးနင်းပါက ၁,၃၀၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။(NVS 004)

11 Oct

ADVERTISE HERE .