“ပုဂံမြို့ ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက်၌ ပဝါရဏာလောင်းလှူပူဇော်ပွဲကျင်းပမည်”

11 Oct

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ရတနာဘုံစံတောရဓမ္မရိပ်သာကျောင်းတိုက်ရှိ မဟာဆန္ဒပြည့် အောင်တော်မူသိမ်ကျောင်းမှာ ဘုရားအမှူးပြုသော သံဃာအပါး ၁၂၀ ကျော်ကို ပင့်ဖိတ်ကာ ပဝါရဏာလောင်းလှူပူဇော်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်မှာတော့ ပဝါရဏာလောင်းလှူပူဇော်ပွဲကို ပုဂံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက် ကျောင်းအသီးသီးမှ ဆရာတော်၊ သံဃာတော်များနှင့် အနီးဝန်းကျင်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များ စုစုပေါင်း သံဃာတော်အရှင်သူမြတ်အပါး ၁၂၀ ပါးကို ပင့်ဖိတ်ပြီး သီတင်းကျွတ် ပဝါရဏာလောင်းလှူပူဇော်ပွဲကို ကျင်းပဆင်နွှဲသွားမှာဖြစ်ပါတယ်။ အဆိုပါ သီတင်းကျွတ် ပဝါရဏာလောင်းလှူပူဇော်ပွဲကို ပုဂံမြို့ရတနာဘုံ စံတောရဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသာဂရ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင် ပြည်သူများ စုပေါင်းကာ နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တိုင်း ကျင်းပလျက်ရှိတာကြောင့် ယခုနှစ်မှာလည်း စဉ်လာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

11 Oct

ADVERTISE HERE .