“ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင်ရွှေမော်ဓောစေတီတော်မြတ်ကြီးမှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပမည်”

11 Oct

ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကြီးကို အောက်တိုဘာလ ၁၃ ရက်မှ ၁၈ ရက်အထိ ခြောက်ရက်တိုင်တိုင် ရွှေမော်ဓောဘုရားလမ်း အနောက်ဘက်မုခ်အနီးရှိ ဘုရားဝင်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမီးထွန်းပွဲတော်ကြီးမှာ ရွှေမော်ဓောစေတီတော်မြတ်ကြီးကို ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ဘုရားဝတ်ပြု အသင်းများက ဘုရားဝတ်ပြုကန်တော့ခြင်းတို့ အပါအဝင် ဈေးရောင်းပွဲတော်များ၊ ဇာတ်ပွဲများ၊ ဆင်လိမ္မာ၊ မြင်းလိမ္မာ၊ ဆိတ်လိမ္မာ၊ မျောက်လိမ္မာလေးများပါဝင်တဲ့ ဆပ်ကပ်ပြပွဲ၊ မျက်လှည့်ပြပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကလေးစီးချားရဟတ်၊ အပျော်စီးလှေ၊ လျှပ်စစ်ရထား၊ မုန့်ဈေးတန်းများစတဲ့ အခြားပျော်ပွဲရွှင်ပွဲများစွာပါဝင်သွားမှာဖြစ်ပါတယ်။ ရှေးဟောင်း သမိုင်းဝင်ရွှေမော်ဓောစေတီတော်မြတ်ကြီး သီတင်းကျွတ်မီးထွန်းပွဲတော်သို့ ရပ်နီး/ရပ်ဝေး ဘုရားဖူးပြည်သူများ အနေနဲ့ ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရပါတယ်။ (NVS 004)

11 Oct

ADVERTISE HERE .