“ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)မှာ ကလေးရရှိရန် ခက်ခဲသော စုံတွဲများအတွက် LEVEL-2 FERTILITY CLINIC ဖွင့်လှစ်ထားရှိ”

11 Oct

ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)မှာ ကလေးရရှိရန် ခက်ခဲသော စုံတွဲများအတွက် LEVEL-2 FERTILITY CLIN IC ဖွင့်လှစ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါ LEVEL-2 FERTILITY CLINIC ကို စက်တင်ဘာလ ၄ ရက်မှစတင်ကာ ဖွင့်လှစ်ခဲ့ကာ စက်တင်ဘာလ ၂၇ ရက်အထိ စုစုပေါင်းလူနာ ၁၃ ဦး ကြည့်ရှုခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ LEVEL-2 FERTILITY CLINIC ကို ပါမောက္ခ/ဌာနမှူး(သားဖွားမီးယပ်)မှ ကြီးကြပ်၍ အထူးကုဆရာဝန် (မီးယပ်မှန်ပြောင်းကြည့်)နှင့် လက်ထောက် ဆရာဝန်(သားဖွားမီးယပ်)တို့နှင့်အတူ တာဝန်ကျလက်ထောက်ဆရာဝန်(သားဖွားမီးယပ်)များမှ ကလေးရရှိရန် ခက်ခဲသောစုံတွဲများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကြည့်ရှုပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 003)

11 Oct

ADVERTISE HERE .