“ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

10 Oct

ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၉ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)မှာ ကျင်းပခဲ့ကြကြောင်းသိရပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင် ပျံသန်းပြေးဆွဲနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ခရီးသည်လေယာဉ်များ ဆင်း/တက်အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ များ၊ ပုသိမ်လေဆိပ်ရှိ ဝန်ထမ်းအင်အား၊ ခရီးသည်များ ဝင်/ထွက်အသုံးပြုနိုင်ရေးအတွက် လက်ရှိအဆောက်အအုံ အနေအထားများနှင့် လေယာဉ်ခရီးစဉ်ပြေးဆွဲမည့် အစီအစဉ်များ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ပုသိမ် လေယာဉ်ကွင်း အဆောက်အအုံနှင့်ဆက်စပ်တဲ့ လုပ်ငန်းများဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြပါ တယ်။ ထပ်မံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ ပြေးဆွဲရာ တွင် လုံခြုံရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခရီးသည်များအား လိုအပ်မည့်ဝန်ဆောင်မှုများပေး ရန်လိုကြောင်း၊ ခရီးသည်လေယာဉ် ပြေးဆွဲမှုများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်လိုအပ်ကြောင်းနှင့် လေယာဉ်ခရီးစဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနများက အချိတ်အဆက်ဖြင့် တာဝန်ရှိသူများ စုပေါင်းဆောင်ရွက် ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

10 Oct

ADVERTISE HERE .