“ပြည်ပက ဝယ်ယူမှုများ မြင့်တက်လာ၍ ပဲယဉ်းများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ”

10 Oct

မြန်မာနိုင်ငံမှထွက်ရှိတဲ့ ပဲယဉ်းများကို ပြည်ပကဝယ်ယူမှုများ မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက် အတွင်းမှာ အရောင်းအဝယ်ကောင်းမွန်လျက်ရှိနေတယ်လို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရပါတယ်။ ယခုလက်ရှိမှာ ပြည်တွင်းမှထွက်ရှိတဲ့ ပဲယဉ်းများကို ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဘက်က ဝယ်ယူမှုများရှိနေသလို ပြည်တွင်းကလည်း ဝယ်ယူသူများပြားလျက်ရှိနေပါတယ်။ မန္တလေးဈေးကွက်အတွင်း လက်ရှိပေါက်ဈေးအရ ပဲယဉ်းသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၉၀,၀၀၀ အထိ ဈေးရရှိနေပြီး အရောင်းအဝယ်ကောင်းလျက်ရှိနေကြောင်း သိရပါတယ်။(NVS-004)

10 Oct

ADVERTISE HERE .