“နေးရှင်းလိဂ်ပြိုင်ပွဲအတွက် ပေါ်တူဂီအသင်းနှင့် ရော်နယ်ဒို စတင်ပူးပေါင်း”
10 Oct
အယ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို ဟာ နေးရှင်းလိဂ်ပြိုင်ပွဲကစားမယ့် ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ အောက်တိုဘာလ ၈ ရက်မှာ စတင်ပူးပေါင်းခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ် ပြိုင်ပွဲအုပ်စုတွင်း ပွဲစဉ်နှစ်ပွဲကစားခဲ့ရာမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားသလို ရလဒ်ကောင်းတွေ ထပ်ရဖို့အတွက် လေ့ကျင့်မှုတွေကို စတင်ပြုလုပ်နေတာ ဖြစ်ပါတယ်။ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ခရိုအေးရှား၊ ပိုလန်၊ စကော့တလန် အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် ရလဒ်ကောင်းတွေရရှိဖို့ ကြိုတင်ပြင်ဆင် နေကြတာ ဖြစ်ပါတယ်။ အုပ်စုတွင်းပွဲစဉ်မှာ ခရိုအေးရှားအသင်းနဲ့ စကော့တလန်အသင်းတို့ကို အနိုင်ရထားတဲ့ ပေါ်တူဂီအသင်းဟာ အောက်တိုဘာလ ၁၂ ရက်မှာ ပိုလန်အသင်း၊ အောက်တိုဘာလ ၁၆ ရက်မှာ စကော့တလန်အသင်းတို့နဲ့ ကစားသွား ရမှာဖြစ်ပါတယ်။ မရဏအုပ်စုကဲ့သို့ ကစားရန်ခက်ခဲတဲ့ အုပ်စုအတွင်းမှာ ကျရောက်နေခဲ့တာကြောင့် ပေါ်တူဂီအသင်း အနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ကစားရခက်ခဲလာနိုင်တယ်လို့လည်း ပရိသတ်တွေက ကြိုတင်သုံးသပ်မှုတွေ ရှိလာခဲ့ ပါတယ်။ (NVS 008)