“ရှန်ဟိုင်းမာစတာမှာ စတုတ္ထအဆင့်ကို တက်ရောက်ခဲ့တဲ့ ဂျိုကိုဗစ်”
10 Octရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားတဲ့ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ် ဟာ အခုနှစ်ပြိုင်ပွဲမှာလည်း စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အောက်တိုဘာလ ၈ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ တတိယအဆင့်ပွဲမှာ ဂျိုကိုဗစ် ဟာ အီတလီနိုင်ငံသား ကိုဘိုလီ နဲ့ ဆုံတွေ့ခဲ့ရတာဖြစ်ပြီး ဂျိုကိုဗစ် အတွက် အခုပွဲစဉ်က သက်သောင့်သက်သာရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကစားချိန် ၁ နာရီနဲ့ ၃ မိနစ်သာ ကြာမြင့်ခဲ့ပြီးနောက် ဂျိုကိုဗစ် က ၆း၁၊ ၆း၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်(၄) ရထားတဲ့ ဂျိုကိုဗစ် ဟာ စတုတ္ထအဆင့်မှာ ရုရှားနိုင်ငံသား ဆာဖျူလင်နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ (NVS 008)
10 Oct