“ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့တဲ့ ဘရာဇီးအသင်း”

10 Oct

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားနေတဲ့ ဘရာဇီးအသင်းဟာ အောက်တိုဘာလအတွင်း ကစားရမယ့် ပွဲစဉ်တွေအတွက် လေ့ကျင့်မှုတွေကို အောက်တိုဘာလ ၈ ရက်က စတင်ပြုလုပ်ခဲ့ကြပါတယ်။ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ်သာရရှိခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့အတွက် လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရရှိအောင် ကစားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဘရာဇီးအသင်းရဲ့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် လူစာရင်းမှာ ဒဏ်ရာရကစားသမားတွေဖြစ်ကြတဲ့ လီဗာပူးအသင်းဂိုးသမား အလီဆွန်၊ ရီးရဲလ်တောင်ပံကစားသမား ဗင်နီးစီးယက်စ်တို့ မပါဝင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ရီးရဲလ်တောင်ပံကစားသမား ဗင်နီးစီးယက်စ်ဟာ ဒဏ်ရာပြဿနာကြောင့် ကြားရက်မှာကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ပါဝင်နိုင်ခြင်း မရှိတဲ့အတွက် သူ့ရဲ့နေရာမှာ ဖူဟမ်တိုက်စစ်ကစားသမား ပါရဲရားကို အစားထိုးခေါ်ယူ လိုက်တယ်လို့လည်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က တရားဝင်ကြေညာခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် လာမယ့်အောက်တိုဘာလ ၁၁ ရက်မှာ ချီလီအသင်း၊ အောက်တိုဘာလ ၁၆ ရက်မှာ ပီရူးအသင်းတို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။(NVS 008)

10 Oct

ADVERTISE HERE .