“ဟာရီကိန်း မုန်တိုင်း မေတန် ဖလော်ရီဒါ အနောက်ဘက်ကမ်းရိုးတန်းသို့ ဝင်ရောက်”

10 Oct

ဟာရီကိန်းမုန်တိုင်း မေတန် သည် အောက်တိုဘာလ ၉ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းသို့ ဝင်ရောက်ကြောင်း သိရသည်။ အဆိုပါ မုန်တိုင်းသည် ဟာရီကိန်းမုန်တိုင်းများအနက် အားအပြင်းဆုံး အဆင့် ၅ ဟာရီကိန်းမုန်တိုင်းဖြစ်ပြီး ဘေးလွတ်ရာ နေရာသို့ ရှောင်တိမ်းခြင်း မပြုပါက အသက်ဘေးမှ လွတ်မြောက်နိုင်ဖွယ်မရှိကြောင်း သိရသည်။ ထို့ပြင် ယင်းမုန်တိုင်းသည် ဖလော်ရီဒါပြည်နယ်သို့ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး ဝင်ရောက်တိုက်ခတ်သည့် အား အပြင်းဆုံးမုန်တိုင်း တစ်လုံးလည်း ဖြစ်သည်။ ထို မုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ချိန်တွင် အဆင့် ၃ ဟာရီကိန်း မုန်တိုင်းအဖြစ်သို့ အားပျော့ သွားမည်ဖြစ်ကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၂၉ မိုင်နှုန်းအထိ တိုက်ခတ်နိုင်သည်။ ယင်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မည့် အခြေအနေကြောင့် ဖလော်ရီဒါ ပြည်နယ်တစ်ဝန်းရှိ ပြည်သူသန်းပေါင်းများစွာကို ဘေးလွတ်ရာသို့ မဖြစ်မနေ ရွှေ့ပြောင်းနေထိုင်ကြရန် တာဝန်ရှိသူများက အောက်တိုဘာလ ၈ ရက်ကတည်းက ညွှန်ကြားထား သည်။ ဟာရီကိန်းမုန်တိုင်း မေတန်သည် ဖလော်ရီဒါ ပြည်နယ်အလယ်ပိုင်းကို ဖြတ်သန်းမည်ဖြစ်ပြီး ထိုသို့ ဖြတ်သန်းစဉ် မိုးရေချိန် ၁၈ လက်မအထိ ရွာသွန်းနိုင်ကာ အတ္တလန္တိတ်သမုဒ္ဒရာသို့ ဆက်လက်ဦးတည်သွားမည်ဟု ခန့်မှန်းထားသည်။ ထိုမုန်တိုင်း၏ကြီးမားမှုကို နိုင်ငံတကာအာကာသစခန်းမှလည်း ထင်ရှားစွာမြင်တွေ့နိုင်ကြောင်း TST သတင်းဌာနတွင် ဖော်ပြသည်။

10 Oct

ADVERTISE HERE .