“မုတ္တမကွေ့အနီး ပင်လယ်ကြမ်းပြင်အောက်အနက် ၇ ဒသမ ၅ မိုင်မှ မဂ္ဂနီကျူ ၃ ဒသမ ၃ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်”

10 Oct

အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၆ နာရီ ၅၉ မိနစ်အချိန်က မြန်မာနိုင်ငံပြင်ပ မုတ္တမကွေ့အနီး ပင်လယ် ကြမ်းပြင်အောက်အနက် ၇ ဒသမ ၅ မိုင်မှ မဂ္ဂနီကျု ၃ ဒသမ ၃ အဆင့်ရှိမြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း မြေငလျင်သတင်းများစင်တာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံပြင်ပ၊ ရန်ကုန်တိုင်းဒေသကြီးမှ တောင်ဘက်ပိုင်း၊ ရန်ကုန်မြို့မှ တောင်ဘက် ၁၂၆ မိုင်ခန့်အကွာ၊ ဖျာပုံမြို့အ‌ရှေ့တောင်ဘက်ပိုင်း ၁၃၀ မိုင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့မှ အနောက်ဘက် ၁၀၅ မိုင်ခန့်ဝေးသည့် မုတ္တမကွေ့အနီး ပင်လယ်ကြမ်းပြင်အောက်အနက် ၇ ဒသမ ၅ မိုင်မှ မဂ္ဂနီကျု ၃ ဒသမ ၃ အဆင့်မြေငလျင်ငယ် လှုပ်ရှားသွားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၈ ရက် ည ၈ နာရီခွဲအချိန်ခန့်ကလည်း ရန်ကုန်မြို့၊ မြောက်ဘက်ပိုင်း ပဲခူးတိုင်းနယ်နမိတ်အနီး၊ အင်းတကော်မြို့မှ အနောက်‌မြောက်ပိုင်း၊ စာဘူးတောင်းမြို့ အ‌ရှေ့မြောက် ၇ မိုင်ခန့် လဂွမ်းပြင်ဆည်အနီးက လယ်ကွင်း ပြင်‌အောက်ကို ဗဟိုပြု၍ မြေအောက်အနက် ၆ မိုင်မှ မဂ္ဂနီကျု ၂ ဒသမ ၆ အဆင့် မြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားခဲ့ တာလည်း ဖြစ်ပါတယ်။ အဆိုပါ မြေငလျင်လှုပ်ခတ်မှုများကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီး မှုများ မရှိခဲ့ကြောင်း သိရပါတယ်။(NVS 004)

10 Oct

ADVERTISE HERE .