“ကျောက်ဆည်မြို့တွင် သီတင်းကျွတ် ဆင်လှူပွဲတော်ကျင်းပမည်”

10 Oct

ကျောက်ဆည်မြို့တွင် ဆင်လှူပွဲတော်ကို နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် ရိုးရာပွဲတော်အဖြစ် သီတင်းကျွတ် လဆန်း ၁၄ ရက်တွင် ဆင်အကအလှပြိုင်ပွဲကျင်းပပြီး လပြည့်နေ့မှာတော့ ဆွမ်းတော်ကြီး ကပ်လှူပွဲနှင့် ရွှေဆင်၊ ငွေဆင် လှူဒါန်းပွဲများကို ကျင်းပလေ့ရှိပါတယ်။ ယခုနှစ်မှာလည်း ယခင်နှစ်များအတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကြီးတွင် ဂုဏ်ပြုဆင်၊ သက်ကြီး ဆင်၊ ဧည့်ခံဆင်တို့မှ မြို့မဈေးကြီးကို လှည့်လည်ဆင်နွှဲသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်ဆင်အမျိုးအစားများတွင် ရိုးရာဆင် (လူကြီး/ကလေး)၊ တီထွင်ဆန်းသစ်မှုဆင်၊ ဘော်ကြယ်ဆင် စတဲ့ ဆင်မျိုးစုံတို့ဖြင့် ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ ကျောက်ဆည်မြို့ ဆင်ပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့်အတူ ဆင်လှူပွဲတော် ကိုပါ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရှေးခေတ်အနော်ရထာမင်းကြီး လက်ထက်မှစတင်ကာ ယနေ့ထိတိုင်အောင် နှစ်ပေါင်း ၉၀၀ ကျော်အထိ နှစ်စဉ်ရိုးရာမပျက် ကျင်းပခဲ့ကြောင်း သိရပါတယ်။ (NVS 004)

10 Oct

ADVERTISE HERE .