“ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပူဇော်ပွဲကျင်းပမည်”

10 Oct

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မှာ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ် လပြည့်နေ့မှစတင်ပြီး ကျင်းပသွားမည်ဖြစ်ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့မှ သိရပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ အထိ ကျင်းပသွားမှာြဖစ်ပြီး အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနေသည့် ကာလတစ်လျှောက် ဘုရားဖူးပြည်သူများ အခမဲ့တည်းခိုနေထိုင်နိုင်ရန် ပြည့်စုံဓမ္မာရုံနှင့် ဆီမီး ၉,၀၀၀ ဓမ္မာရုံကို စီစဉ်ထားရှိပြီး အခကြေးငွေပေးပြီး တည်းခိုနိုင်ရန်အတွက် ဟိုတယ်များ၊ တည်းခိုဆောင်များကိုလည်း စီစဉ်ထားပါတယ်။ လက်ရှိမှာတော့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ နေ့စဉ် လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိနေပြီး ကျိုက်ထီးရိုးတောင်တော်ပေါ်သို့ နေ့စဉ်တောင်တက်ကား ငါးစီးဖြင့် ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

10 Oct

ADVERTISE HERE .