ကုန်ဈေးနှုန်းသတင်း ၉.၁၀.၂၀၂၄

09 Oct

အောက်တိုဘာလ ၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး အနည်းငယ် တက်လာပြီး ပဲစင်းငုံနီဈေးကတော့ ဆက်တိုက် ကျဆင်းနေပါတယ်။ ကြက်သွန်နီနဲ့ ဘိုကိတ်ပဲ ဈေးတွေ အနည်းငယ် ကျဆင်းလာပေမယ့် ကြက်သွန်ဖြူ၊ မန်ကျည်းသီးနဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၃,၇၅၀ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၆,၆၀၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၄၀၅ ကျပ်ကနေ ၆,၄၄၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၆,၆၀၇ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၈၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၁,၅၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာ ကို ၆,၀၀၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာ ကို ၆,၄၉၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၅၀ ကျပ်ကနေ ၂,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၇,၅၀၀ ကျပ်ကနေ ၁၇,၈၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၆,၈၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာ ကို ၃,၃၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိသာကို ၄၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၇၀၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၆၀၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၅၅ ကျပ်၊ မန္တလေးမှာ ၃,၀၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၅၀ ကျပ်၊ မန္တလေးမှာ ၃,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၀၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၀ ကျပ်၊ မန္တလေးမှာ ၂,၆၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၂၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၁၉၀ ကျပ်၊ မန္တလေးမှာ ၃,၂၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၃၉၁,၆၆၇/-) ငါးဆယ် သုံးသိန်း ကိုးသောင်း တစ်ထောင် ခြောက်ရာ ခြောက်ဆယ် ခုနစ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၄၀၀,၀၀၀ိ/-) ခြောက်ဆယ် လေးသိန်း ရှိနေတယ်လို့ သိရပါတယ်။

09 Oct

ADVERTISE HERE .