ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အစားအစာတွေ

09 Oct

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မုန်လာဥနီတွေထဲမှာ သတ္တုဓာတ်၊ ဗီတာမင်နဲ့ antioxidantsများ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာ beta-carotene ဓာတ်တွေပါဝင်ပြီး ကင်ဆာရောဂါအမျိုးအစားများစွာကို ကာကွယ်ကုသပေးနိုင်ပါတယ်။ နောက်ပြီးတော့ လေ့လာမှုတွေအရ beta-carotene ဟာ ရင်သားကင်ဆာနဲ့ ဆီကျိတ်ခြင်း ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဘယ်ရီသီးတွေက ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဘယ်ရီအသီးမှာ antioxidantတွေပါဝင်မှုက ကင်ဆာရောဂါကို မဖြစ်စေဖို့အတွက် ကာကွယ်နိုင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ပန်းပွင့်စိမ်းထဲမှာ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နဲ့ ကင်ဆာရောဂါကို မဖြစ်စေနိုင်ဖို့အတွက်ပါဝင်ပြီး ကင်ဆာနဲ့ အကျိတ်များဖြစ်ပွားမှုတို့ကို လျော့ချပေးပါတယ်။ ပန်းပွင့်စိမ်းတွေမှာလည်း ကင်ဆာရောဂါမှ ကာကွယ်နိုင်တဲ့ Sulforaphane ဆိုတဲ့ ဓာတ်လည်းပါဝင်ပါတယ်။ ပန်းသီးမှာ Polyphenol ဟုခေါ်တဲ့ ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းခြင်း၊ နှလုံးသွေးကြော ဆိုင်ရာရောဂါတွေမှ ကာကွယ်ပေးပါတယ်။ ပန်းသီးထဲမှာပါဝင်တဲ့ Polyphenol က ကင်ဆာရောဂါဖြစ်နိုင်ခြေနဲ့ အကျိတ်များ ဖြစ်နိုင်ခြေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးစားခြင်းက ကင်ဆာရောဂါအမျိုးပေါင်းများစွာမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်အလေး အချိန်ကို လျော့ချပေးပြီး အစားခြေစနစ်အတွက်လည်း ကောင်းပါတယ်။ (NVS 003)

09 Oct

ADVERTISE HERE .