“ပြည်မြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၆၈၀ အတွက် ကိုရီးယားနိုင်ငံမှလှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေး”

09 Oct

အောက်တိုဘာလ ၇ ရက်မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၆၈၀ အတွက် အာဆီယံ+၃ အရေးပေါ်ဆန် အရန်ရိက္ခာ(APTERR)အစီအစဉ်အရ ကိုရီးယားနိုင်ငံမှလှူဒါန်းတဲ့ ဆန်အိတ် များကို ထောက်ပံ့ပေးအပ်ပွဲကို ပြည်မြို့ရှိ တည်ဆောက်ရေး(၂)အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လနှင့်ဩဂုတ်လများမှာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်မြို့နယ်မှ ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၃ စုရှိ အိမ်ထောင်စု ၆၈၀၊ လူဦးရေ ၂,၇၁၉ ဦးအတွက် ဆန်အိတ်ပေါင်း ၂၄၈ အိတ်ကို အကူအညီအထောက်အပံ့အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားခဲ့ပါတယ်။ ပြည်မြို့မှ ရေကြီးနစ်မြှုပ်ခဲ့တဲ့ ရပ်ကွက် ၂ ခုမှ ရေဘေးသင့်အိမ်ထောင်စုဝင်များအတွက် ဆန်အိတ်များကို တိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင့်ဆွေနှင့် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ် တို့က ရေကြီးနစ်မြုပ်ခဲ့တဲ့ ကျေးရွာအုပ်စုများမှ အိမ်ထောင်စုဝင်များအတွက် ဆန်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 004)

09 Oct

ADVERTISE HERE .