“အင်းလေးဒေသရှိ ရေနစ်မြုပ်ခဲ့တဲ့ ထရန်စဖော်မာများကို ကွင်းဆင်းစစ်ဆေး”

09 Oct

ရှမ်းပြည်နယ်၊ အင်းလေးဒေသမှာ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် အင်းရေမြင့် တက်ကာ နေအိမ်များအတွင်းရေဝင်ရောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိတဲ့ ထရန်စဖော်မာများ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုလို ရေနစ်မြုပ်ခဲ့တဲ့ ထရန်စဖော်မာများစကို ပြန်လည်ပြုပြင်မှုများဆောင်ရွက်နိုင်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သက်ဆိုင်ရာဒေသတာဝန်ရှိသူများနှင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အင်းလေးဒေသရေနစ်မြုပ်ခဲ့စဥ် ဆက်သွယ်ရေးပြတ်တောက်မှုများ ဖြစ်ပေါ်နေချိန်၌ သက်ဆိုင်ရာကျေးရွာ မီးကော်မတီအသီးသီးမှ ထရန်စဖော်မာများ၊ မီတာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဖြုတ်သိမ်းထားပေးခဲ့ကြ ကြောင်း သိရပါတယ်။ (NVS 004)

09 Oct

ADVERTISE HERE .