“ရန်ကုန်မြို့ရှိ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်မည်”

09 Oct

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်း သက်တမ်းက ၃၇ နှစ် ရှိလာပြီဖြစ်ပြီး အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အောက်တိုဘာလ ၈ ရက်မှာ သွားရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါနက္ခတ်တာရာပြခန်းကို ဂျပန်-မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၁၉၈၇ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားလူငယ်များနှင့်ပြည်သူများ၊ နက္ခတ်တာရာသိပ္ပံဆိုင်ရာဗဟုသုတများ တိုးပွား လာစေရေး၊ ပညာပေးရေးနှင့် အပန်းဖြေပျော်ရွှင်စေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေး မှ အဆင့်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်း တင်ပြမှုအပေါ် နစကဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ပြီး နက္ခတ်တာရာပြခန်းအတွင်းရှိ ပြကွက်အလိုက်ပြသထား ရှိမှုများနှင့် ကြယ်နက္ခတ်တာရာများအား လေ့လာခြင်းပြကွက်တို့ကို ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ (NVS 004)

09 Oct

ADVERTISE HERE .