“လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၃)နှစ်ပြည့်အထိမ်းအမှတ် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ် အပူဇော်ခံပွဲကျင်းပမည်”

09 Oct

ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဗုဒ္ဓပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲကို လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်မှာ နိုဝင်ဘာလ ၁၁ ရက် (တန်ဆောင်မုန်းလဆန်း ၈ ရက်)မှ နိုဝင်ဘာလ ၁၇ ရက်(တန်ဆောင် မုန်းလပြည့်ကျော်၂ ရက်)အထိ ၁၀ ရက်အကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲတော်အတွင်း ဆိုင်ခန်းဖွင့်လှစ်လိုသူများအနေနဲ့ ၂၀၂၃ ခုနှစ်ကဖြတ်ပိုင်းနဲ့ သတ်မှတ်တဲ့ ဆိုင်ခန်းခငွေများကို အောက်တိုဘာလ ၁၈ ရက်မှ ၃၁ ရက်အတွင်းပေးသွင်းရန်နှင့် ဂေါပကအဖွဲ့ရုံး ဖုန်းနံပါတ် ဝ၅၃-၂၅၁၈ဝ၊ ဝ၅၃-၂၅ဝ၃၅ တို့ကို ဆက်သွယ်စုံစမ်းပြီး စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။ (NVS 004)

09 Oct

ADVERTISE HERE .