“အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးစံလွင် ခန့်အပ်ခံရ”

09 Oct

အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် မြန်မာနိုင်ငံမှ အငြိမ်းစား သံအမတ်ကြီး ဦးစံလွင် ကို အလှည့်ကျ တာဝန်ထမ်းဆောင်ရန် အတည်ပြုခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ (၃၅)ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံမှ အငြိမ်းစား သံအမတ်ကြီး ဦးစံလွင် ကို အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် အလှည့်ကျ တာဝန်ထမ်းဆောင်ရန် အတည်ပြုခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့် (၃၅) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးများမှာ အတည်ပြုခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။(NVS 004)

09 Oct

ADVERTISE HERE .